Edit Content
Bee Data Odoo ERP Company logo

About Us

Founded in 2016, BEE Data Myanmar is a provider of IT consulting and software development services.

We specialize in Odoo ERP implementation services, business applications across ERP, e-Commerce, Web & Mobile solutions to implement specially tailored platforms for our clients.

Contact Info

 Profit and Loss (P&L) အရှုံးအမြတ်စာရင်း  အကြောင်း 

လုပ်ငန်းတစ်ခုစတင် လုပ်ကိုင်ရာမှာ အဓိက အနေနဲ့ Accounting Cheat Sheet မှာ ပါ၀င်တဲ့  Profit and Loss (P&L) အရှုံးအမြတ်စာရင်း  အကြောင်း အနည်းငယ် sharing လုပ်ပေးချင်ပါတယ်။

Profit and Loss (P&L) အရှုံးအမြတ်စာရင်းဆိုတာကတော့ လုပ်ငန်းတစ်ခု၏သတ်မှတ်ထားတဲ့ဘဏ္ဏာရေးနှစ်ပြီးတဲ့နောက် ထိုလုပ်ငန်း၏ စွမ်းဆောင်ရည်လုပ်ဆောင်ချက်တွေကို ဖော်ပြခြင်းဖြစ်ပါတယ်။

အဲဒီမှာ Gross Profit နဲ့ Net Profit အပိုင်းကိုလည်း သိဖို့ လိုအပ်ပါတယ်။

Gross Profit က လုပ်ငန်းတစ်ခုရဲ့ ထုတ်ကုန်ကို ရောင်းရသောပြန်ရငွေနဲ့ ထိုထုတ်ကုန်၏ထုတ်လုပ်မှု ကုန်ကျစရိတ်နှစ်ခု ခြားနားခြင်း နဲ့ ညီမျှပါတယ်။

Gross Profit = Revenue – Cost of good sold

Revenue (ရောင်းရငွေ)ထဲက cost of good sold (COGS)(ထုတ်လုပ်မှုကုန်ကျစရိတ်) ကိုနုတ်ခြင်းအားဖြင့် Gross Profit ရရှိမှာ ဖြစ်ပါတယ်။

လုပ်ငန်းတစ်ခုလည်ပတ်ဖို့ရန်အတွက် တခြား ကုန်ကျသော အသုံးစရိတ်များ Operating Expenses (OPEX) ဖြစ်တဲ့ စီမံခန့်ခွဲမှု၊ အရောင်း၊လစာ၊ငှားရမ်းခနှင့် အသုံးစရိတ်များ၊အထွေထွေကုန်ကျစရိတ်များ၊အာမခံများ စတာ လည်ပတ်မှု စရိတ်တွေ တို့ပါ၀င်ပါတယ်။

နောက်ထပ် တခြား Other Income တွေဖြစ်နိုင်တဲ့ discount received, interest received ,foreign exchange gains, asset write -downs စသည်တို့ဟာလည်း income တစ်ခုအနေနဲ့ ပါဝင်နိုင်ပါတယ်။

Gross Profit ထဲက Operating Expenses တစ်နည်းအားဖြင့် Expense (အသုံးစရိတ်)ကို ထပ်ပြီး နှုတ်မယ် ။ Other Income တွေရှိရင် ထပ်ပေါင်းလိုက်မယ်ဆိုရင် operating income & loss ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြားအသုံးစရိတ်များ other expense တွေဖြစ်တဲ့ Interest on debts ၊ Depreciation စတာတွေ နုတ်၍ နောက်ဆုံးရလာသောအဖြေက Net Profit ပဲ ဖြစ်ပါတယ်။

အထက်ပါ အချက်တွေကတော့ P&L တစ်ခု မှာ ပါလေ့ရှိတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။