
မင်္ဂလာပါရှင်။
ဒီကနေ့ကတော့ Odoo Implementation ERP System နဲ့ ပတ်သတ်ပြီး အမေးအများဆုံး အမေးအဖြေများကို လေ့လာကြည့်ကြရအောင်လားရှင်။
1. Why should my company consider implementing Odoo in 2023?
(Odoo ကို လူကြီးမင်းတို့၏ company မှာ ဘာကြောင့် Implementing လုပ်သင့်ပါသလဲ။)
ဘာကြောင့် Odoo ကို Implementing လုပ်သင့်ပါသလဲ ဆိုရင် လူကြီးမင်းတို့၏ Business Organization များတွင် Odoo ERP System အသုံးပြုခြင်းဖြင့် အကြီးမားဆုံး အကျိုးကျေးဇူးကတော့ Cost Effective ပါဘဲ။နောက်တမျိုးကတော့ User Friendly ဖြစ်စေတဲ့ System Design များပါ။ဒါကြောင့် အသုံးပြုရ လွယ်ကူစေတဲ့ အပြင် Odoo မှာ ပိုမိုကောင်းမွန်သော Efficiency များ၊ ပိုမိုကောင်းမွန်သော Operation များ၊ ပိုမိုကောင်းမွန်သော Collaboration နှင့် Customers management တို့အထိ အကျိုးကျေးဇူးများစွာကို Offer လုပ်ပေးနိုင်တာကြောင့် Odoo ကို 2023 ခုနှစ်တွင် လူကြီးမင်းတို့၏ Business Organization များအား ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန်၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်နှင့် တိုးတက်မှုကို တွန်းအားပေးရန် Implementing ပြုလုပ်သင့်ပါကြောင်း ဖြေဆိုထားကြပါတယ်ရှင်။
2. Why should you hire Odoo Partner? ( Odoo partner ကို ဘာကြောင့် Hire လုပ်သင့်ပါသလဲ။)
Odoo Partners များဟာ Odoo System များရဲ့ Services များနဲ့ ပတ်သတ်ပြီး Experenice ပိုင်း နှင့် Knowledge ပိုင်း များမှာ Well-trained လုပ်ထားပြီး ဖြစ်တာကြောင့် လူကြီးမင်းတို့ရဲ့ တောင်းဆိုထားသော Request Services များကို စိတ်ကြိုက် အကောင်အထည်ဖော်နိုင်ပါတယ်။ ဒါ့အပြင် Odoo partner ထားရှိခြင်းဟာ လူကြီးမင်းတို့ရဲ့ Business Organization များတွင် Techno-functional consultant တယောက် ရသလို tenchnical ပိုင်း ၊ functional ပိုင်းများအတွက်ပါ အကူအညီများစွာ ရစေတဲ့ Team တခုရသလို ဖြစ်စေပါတယ်။ ဒါကြောင့် Team များရဲ့ ပူးပေါင်းဆောင်ရွက်မှု အားသာချက်များအရ လူကြီးမင်းတို့ Project များ ရဲ့ size နဲ့ scale ဘယ်လောက် အတိုင်းအတာ ဖြစ်နေစေကာမူ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်နိုင်စွမ်းများအပြင် အဓိက အချက်ဖြစ်တဲ့ Odoo Enterprise Edition source code များကိုပါ access လုပ်နိုင်စွမ်းရှိတာကြောင့် လူကြီးမင်းတို့ စိတ်ကြိုက် Odoo Services များအား အကန့်အသတ်မရှိ offer လုပ်နိုင်မှာ ဖြစ်တာကြောင့် Odoo Partners များအား လူကြီးမင်းတို့ရဲ့ Business Organization များတွင် Hiring လုပ်သင့်ပါကြောင်း ဖြေဆိုထားကြပါတယ်ရှင်။
3. What ongoing support and maintenance are required after Odoo implementation?
(Odoo ကို implementation ပြုလုပ်ပြီးနောက် ongoing support များနှင့် maintenance များ လိုအပ်ပါသလား။ )
Implementation ပြီးတဲ့နောက် လူကြီးမင်းတို့ရဲ့ Business များမှာ new requirement များနဲ့ processes များဟာ အမြဲ ရှိနေမှာ ဖြစ်တာကြောင့် ongoing support များနဲ့ system maintenance များပြုလုပ်ခြင်းက လိုအပ်ပါတယ်။ ဒီအပိုင်းကတော့ လူကြီးမင်းတို့ဟာ Odoo ERP System ကို အသုံးပြုနေသရွေ့ လုပ်ဆောင်ပေးရမှာဖြစ်ကြောင်း ပြောပြထားကြပါတယ်ရှင်။
အမေးအများဆုံး မေးခွန်းများကိုသာ ဖြေဆိုထားတာ ဖြစ်တာကြောင့် လူကြီးမင်းတို့ အနေဖြင့် ထပ်မံ သိလိုသည်များ ရှိပါက ကျွန်မတို့ရဲ့ BEE Data Myanmar ကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။