Edit Content
Bee Data Odoo ERP Company logo

About Us

Founded in 2016, BEE Data Myanmar is a provider of IT consulting and software development services.

We specialize in Odoo ERP implementation services, business applications across ERP, e-Commerce, Web & Mobile solutions to implement specially tailored platforms for our clients.

Contact Info

 School ERP စဉ်းစားမယ်ဆိုရင်

မင်္ဂလာပါရှင်။

ဒီနေ့မှာတော့ပညာရေးဆိုင်ရာ ERP (Enterprise Resource Planning) များဟာကျွန်မတို့ရဲ့ပညာရေးဆိုင်ရာလုပ်ငန်းများစွာကိုဘယ်လိုမျိုးအထောက်အပံ့ကောင်းများရှိနေလဲဆိုတာကြည့်ကြရအောင်ပါရှင်…..

လွန်ခဲ့သောနှစ်များစွာကကျွန်မတို့ရဲ့ပညာရေးအဖွဲ့အစည်းများဟာယခုလက်ရှိအသုံးပြုနေကြသော LMS (Learning Management System) နှင့် ERP (Enterprise Resource Planning) ဆိုသော System များအသုံးပြုမှုကိုလှစ်လျူရှူခဲ့ကြပါတယ်။ရလဒ်အနေနဲ့ကတော့ကျောင်းသားများနှင့်သက်ဆိုင်သောလုပ်ငန်းများ၊ဝန်ထမ်းပိုင်းဆိုင်ရာလုပ်ငန်းများအစရှိသဖြင့်ပညာရေးဆိုင်ရာလုပ်ငန်းများစွာကို manually လိုက်လံလုပ်ဆောင်ခဲ့ကြပါတယ်။

ဒီဘက်နှစ်များတွင်တော့ပြောင်းလဲလာသော Digital ဆိုင်ရာနည်းစနစ်များနှင့်အတူ Learning Management System များနှင့် Educational ERP System များအသုံးပြုခြင်းဟာကျောင်းသားများ၊မိဘများ၊ဆရာများနှင့်အခြားသောပညာရေး Board အဖွဲ့ဝင်များအတွက်အကောင်းဆုံးသောစီမံခန့်ခွဲမှုများရှိနေတယ်ဆိုတာသတိထားမိလာကြပါတယ်။

ERP System များဟာ School များ၊ Institutes များရဲ့လုပ်ငန်းတာဝန်များစွာကိုအဆင်ပြေပြီးမြောက်စေပါတယ်။ဒီလိုမျိုးကျောင်းများ၊ ERP System များနှင့်ပက်သတ်ပြီးကျွန်မတို့ရဲ့ပညာရေးအဖွဲ့အစည်းများမှာရရှိလာစေမဲ့အကျိုးကျေးဇူးများကရရှိစေရန်မှာလည်းအောက်ဖော်ပြပါအချက်အလက်များဖြစ်ပါတယ်……

၁)မှတ်တမ်းစီမံခန့်ခွဲမှုများ

သင်ခန်းစာအစီအစဉ်များ၊ကျောင်းသားဖိုင်များနှင့်အခြားကျောင်းခွဲခြမ်းစိတ်ဖြာချက်ဒေတာပုံစံများကိုလူကိုယ်တိုင်ပါဝင်ပတ်သက်မှုကိုလျှော့ချပေးပြီးနှင့်ဒေတာထည့်သွင်းမှုအမှားများကိုနည်းသထက်နည်းသွားစေပါတယ်။

)ကျောင်းသားအချက်အလက်များ

Educational School ERP System အသုံးပြုခြင်းဟာကျောင်းသားများအားအရေးကြီးသောအချက်အလက်များကိုဝင်ရောက်ကြည့်ရှုခွင့်ပေးထားပါသည်။ဥပမာ- စာမေးပွဲရလဒ်များ၊ Assignment စာရွက်များ၊ Fees ပေးချေမှုများ၊ Tutorial ဖြေဆိုထားမှုများ၊အခြားကြေငြာချက်များကိုတွေ့ရှိနိုင်ပါသည်။ထို့အပြင်အတန်းပြီးနောက်၎င်းတို့၏သင်ကြားရေးသင်ထောက်ကူပစ္စည်းများကိုဝင်ရောက်ကြည့်ရှုခြင်းနှင့်ဆရာတစ်ဦးချင်းစီ၏အချိန်ဇယားများကိုလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်၊။

)ငွေတောင်းခံခြင်းလုပ်ငန်းများနှင့်ငွေပေးချေခြင်းလုပ်ငန်းများ

ဒီလုပ်ငန်းများကတော့ကျောင်းစီမံခန့်ခွဲသူများပုံမှန်လုပ်ဆောင်ရသည့်အရေးကြီးသောအလုပ်ဖြစ်ပါတယ်။၎င်းသည်အများအားဖြင့်နာရီပေါင်းများစွာကြာနိုင်သည့်အလုပ်များစွာလုပ်ရပါတယ်။Educational School ERP စနစ်မှာတော့ငွေတောင်းခံခြင်းနှင့်ငွေပေးချေမှုတို့ကိုတစ်နေရာတည်းတွင်တထိုင်တည်းကပင်ဖြေရှင်းပေးနိုင်ပါတယ်။ဒါတင်မကပါဘူးမိဘများကိုလည်းမိမိရောက်လေရာနေရာတွင်ပင် Online Payment များမှအလွယ်တကူငွေပေးချေနိုင်အောင်စီစဉ်ပေးထားတာတွေကြောင့်အချိန်ကုန်လူပန်းသက်သာစေပါတယ်။

)ကျောင်းများ၏ပညာရေးဆိုင်ရာပစ္စည်းများအားစီမံထားခြင်း

ကျောင်းများ၏ကျောင်းပိုင်စာအုပ်များ၊ကွန်ပျူတာများ၊ပရိုဂျက်တာများနှင့်ပရိဘောဂများကိုကျောင်း ERP System သည်ဌာနများအလိုက်စနစ်တကျခွဲဝေသတ်မှတ်ရန်စာရင်းဇယားကိုလည်းပြုလုပ်ထားပါသည်။၎င်းပစ္စည်းများကိုပြုပြင်ထိန်းသိမ်းမှုလိုအပ်သည့်အခါများနှင့်ပစ္စည်းပြတ်လပ်သွားပါကအကြောင်းကြားချက်များကိုအချိန်မှီသိရှိစေရန်လည်းစီမံထားပါတယ်။

)ကျောင်းသားများနှင့်သက်ဆိုင်သောအလုပ်များစီစဉ်ထားခြင်း။

ကျောင်းသားများအတွက်ကျောင်းများသည်တိကျသောအချိန်ဇယားများမရှိလျှင်ကောင်းမွန်စွာလည်ပတ်နိုင်မည်မဟုတ်ပေ။သို့သော်လည်းဤအချိန်ဇယားများကိုမကြာခဏပြုလုပ်ရခြင်းသည်ကျောင်းအုပ်ချုပ်ရေးအဖွဲ့များနှင့်ဝန်ထမ်းများကိုမကြာခဏစိတ်ပင်ပန်းလူပင်ပန်းနွမ်းနယ်စေပါတယ်။

Educationl School ERP စနစ်သည်ကျောင်းသည်၎င်း၏ကိုယ်ပိုင်နှစ်စဉ်ပညာရေးပြက္ခဒိန်ကိုလျင်မြန်စွာတည်ဆောက်ပြီးကျောင်းသားမိဘများထံပေးပို့နိုင်စေပြီးစာမေးပွဲရက်စွဲများ၊လူမှုရေးအစီအစဥ်များ၊မိဘဆရာအစည်းအဝေးများစသည်တို့ကိုပါစီစဉ်လုပ်ဆောင်ပေးပါတယ်။

) စာကြည့်တိုက်စီမံခန့်ခွဲမှုများ

စာကြည့်တိုက်သည်ကျောင်းတကျောင်းရဲ့အရေးပါသောကတခုဖြစ်ပြီးဆရာများနှင့်ကျောင်းသားများအတွက်လိုအပ်သောဒေတာများစွာအလွယ်တကူရနိုင်တဲ့နေရာတခုဖြစ်ပါတယ်။ Educational ERP စနစ်မှာစာအုပ်များနှင့် e-books များကိုရှာဖွေခြင်း၊ထုတ်ဝေခြင်းနှင့်ပြန်ပေးခြင်းတို့ကဲ့သို့သောလုပ်ဆောင်ချက်များဖြင့်စာကြည့်တိုက်စီမံခန့်ခွဲမှုများပါဝင်ထားတာကြောင့်စာအုပ်ဘားကုဒ်များကိုဖတ်ရှုခြင်းနှင့်အချိန်အများဆုံးပေးရသောစာကြည့်တိုက်လုပ်ဆောင်စရာများကိုအလိုအလျောက်လုပ်ဆောင်စေပါတယ်။

အထက်ပါအချက်အလက်များအပြင် Scalability အပိုင်းများ  Data security and backup အပိုင်းများ Remote access များ  Accessibility of mobile applications အပိုင်းများ စသည့် အခြားသောပညာရေးဆိုင်ရာအပိုင်းများအတွက်အလိုအလျောက်စီမံထားမှုများလည်း Educational ERP System များတွင်ပါဝင်ထားပါတယ်။ အထူးသဖြင့်လူကြီးမင်းတို့တွင်မှန်ကန်သောစီမံခန့်ခွဲမှုများမရှိပါကကျောင်းကိုလည်ပတ်ခြင်းသည်စိန်ခေါ်မှုတစ်ခုဖြစ်လာပါမယ်။ ERP စနစ်တစ်ခုကိုဝယ်ယူခြင်းဖြင့်လူကြီးမင်းတို့အတွက်အခြားနေရာများအတွက်အသုံးပြုရမည့်အဖိုးတန်အရင်းအမြစ်များကိုဖယ်ရှားနိုင်ပြီးကျောင်း၏စွမ်းဆောင်ရည်ကိုသိသိသာသာမြှင့်တင်နိုင်ပါတယ်…..

ဒါကြောင့် Educational ERP System များကိုစိတ်ဝင်စားပြီးလူကြီးမင်းတို့ရဲ့ကျောင်းများအတွက် ERP System များလိုအပ်ပါကကျွန်မတို့ရဲ့ BEE Data Myanmar မှာဝန်ဆောင်မှုများပေးနေကြောင်းသတင်းကောင်းပါးရင်းမိုခါရဲ့မုန်တိုင်းသတင်းနားစွင့်ကာဘေးကင်းလုံခြုံကြပါစေရှင်……