Edit Content
Bee Data Odoo ERP Company logo

About Us

Founded in 2016, BEE Data Myanmar is a provider of IT consulting and software development services.

We specialize in Odoo ERP implementation services, business applications across ERP, e-Commerce, Web & Mobile solutions to implement specially tailored platforms for our clients.

Contact Info

 Why Choosing Odoo ERP

မင်္ဂလာပါရှင့်။

ဒီတပတ်မှာတော့ ကမ္ဘာ့စျေးကွက်ရှိ ထိပ်တန်း ERP Platforms စနစ်များစွာထဲမှ လူကြိုက်အများဆုံး Odoo ERP (Enterprise Resourses Planning) များ အကြောင်းကို မိတ်ဆက်သွားမှာပါရှင့်။

ERP (Enterprise Resourses Planning) ဆိုတာ စီးပွားရေး လုပ်ငန်းများရဲ့ အချက်အလက်များစွာ နှင့်အတူ နေ့စဉ် ဆောင်ရွက်ကြရသော လုပ်ငန်းများစွာတို့ကို စနစ်တခုတည်း ဖြစ်လာအောင် လုပ်‌ဆောင်ပေးသော Software ဖြေရှင်းချက် တခု ဖြစ်ပြီး အရောင်းပိုင်း လုပ်ဆောင်မှုများ (Sales) ၊ စာရင်းကိုင်ပိုင်းများ (Accounting) ၊ လုပ်ငန်း စီမံခန့်ခွဲမှုများ (Project Managements) ၊ လိုအပ်သော ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက် လည်ပတ်ဆောင်ရွက်မှုများ (Supply chain Management) နှင့် အခြားများစွာသော – လူကြီးမင်းတို့လုပ်ငန်းများရဲ့ လုပ်ငန်းစဉ်များ အားလုံးကို အပြန်အလှန် ချိတ်ဆက်ပြီး အလွယ်တကူ ဝင်ရောက် စီမံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ERP Platforms များကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ လုပ်ငန်းများကို တစ်နေရာတည်းမှ စီမံခန့်ခွဲနိုင်စေမှာ ဖြစ်ပါတယ်။

Odoo ဆိုတာကတော့ လူကြိုက်အများဆုံး All-in-one ERP Software ဖြေရှင်းချက် တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုလုံး သို့မဟုတ် လုပ်ငန်းကြီး တခုလုံးတွင် အသုံးပြုသည့် လုပ်ငန်းဆိုင်ရာ အချက်အလက်များအား ရေးဆွဲထားသော Software တခုဖြစ်ပြီး အသုံးပြုသူများ အလွယ်တကူ နားလည်လွယ်သော Designs များ ဖြစ်တာကြောင့် လူကြီးမင်းတို့ စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်ရှင်။

Odoo ERP Software ကို အသုံးပြုသင့်သော နောက်ထပ် အချက်အလက်များကတော့

Smooth User Experience

Odoo ERP Software မှာ ၎င်းကိုအသုံးပြုရန် ထပ်ခါတလဲလဲ လေ့ကျင့်မှုများနှင့်အတူ မျက်စိအမြင် ရှုပ်ထွေးစေသော Interfaces များ မရှိခြင်း၊ လွယ်ကူရိုးရှင်းသော Designs များဖြင့် ပြုလုပ်ထားခြင်းတို့ကြောင့် အသုံးပြုသူ New Users များသည် Odoo System နှင့် ပတ်သက်ပြီး Tutorials များ ကြည့်ရှုရန် သို့မဟုတ် Documentations များစွာအား အချိန်ယူ ဖတ်စရာမလိုတော့ဘဲ System Functions များအား အလိုအလျောက် နားလည်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် လူကြီးမင်းတို့ လုပ်ငန်းများဟာ ရာနှင့်ချီသော ဝန်ထမ်းများကို အလုပ်ခန့်ထားလျှင် အသုံးပြုသူနှင့် အဆင်ပြေသော System Design ရှိနေခြင်းဟာ ကြီးမားသော အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

One Environment For Everything

လူကြီးမင်းတို့ရဲ့ ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းများ ကြီးထွားလာသည် နှင့်အမျှ လုပ်ငန်း လုပ်ငန်းစဉ်များသည်လည်း ပိုမို များပြားလာနိုင်ပါတယ်။ ဒါ့ကြောင့် Odoo ERP Software အား အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ လုပ်ငန်းအားလုံးကို တစ်နေရာတည်းမှ ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

One click လုပ်လိုက်သည်နှင့် လူကြီးမင်းတို့  ပစ္စည်းသိုလှောင် စီမံခန့်ခွဲမှုမှ သည် Odoo ရဲ့ VoIP Widget အား အသုံးပြုပြီး သက်ဆိုင်ရာ Order မှာယူသော အချက်အလက်များအပေါ် မူတည်၍ Schedule Meeting များ ပြုလုပ်ပေးနိုင်ခြင်း၊  မှာယူအားပေးသူ Customers များဆီသို့ Email များ ပေးပို့နိုင်ခြင်း အစရှိသည်တို့ကို တနေရာတည်းမှပင် စီမံခန့်ခွဲ နိုင်မှာ ဖြစ်ပါတယ်။

Open Source

Odoo ဟာ Open-source System တခုဖြစ်တာကြောင့်ရေးသားထားသော Code များကို ကြည့်ရှုနိုင်ပြီး အသုံးပြုသူများကိုယ်တိုင် Odoo Modules များကို စမ်းသပ်ကာ Company နှင့် Community များအတွက် လိုအပ်သော System Updates များ၊ Security Improvement များ အစရှိသည်တို့ကို မူရင်းပါရှိသည့် System လုပ်ဆောင်ချက်များထက် ထပ်မံပြင်ဆင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Modular Design

Odoo ရဲ့ အားသာချက်များထဲမှ တစ်ခုမှာ ပြောင်းလွယ်၊ ပြင်လွယ်၊ အသုံးပြုလွယ် သော Designs များ ပါဝင်ထားခြင်း ဖြစ်ပါတယ်။ သို့သော် မလိုအပ်သော module များ ပါရှိလာလျှင်လည်း အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။ လူကြီးမင်းတို့ လုပ်ငန်းများရဲ့ လိုအပ်ချက်များအပေါ် မူတည်၍ အသုံးပြုမည့် System Tools များရွေးချယ်မှုဟာ အလိုရှိသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Rich Selection of Tools

Odoo modules (သို့မဟုတ် apps)  မှာ Official Module နှင့် Community Module ဆိုပြီး Module နှစ်မျိုးပါရှိပါတယ်။ Official Module ကတော့ Business လုပ်ငန်းအများစုရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ High quality Tools  များပါရှိပြီး Community Module ကတော့ ပိုမိုတိကျသော Specific Features များ ပါရှိပါတယ်။

ယေဘုယျအားဖြင့်တော့ Ecosystem စနစ်ဆိုတာ စဉ်ဆက်မပြတ် Progressing များ အမြဲရှိနေပြီး လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို မြန်ဆန်တိကျစွာ ပြီးမြောက်စေရန် ရည်ရွယ်သည့် အသုံးဝင်တဲ့ Tools များစွာ ပါဝင်ပါတယ်။

အချုပ်အားဖြင့် Odoo ERP System များဟာ လူကြီးမင်းတို့ လုပ်ငန်းလည်ပတ်မှုအားလုံးကို တစ်နေရာတည်းတွင် ချိတ်ဆက်ရန် အကောင်းဆုံးပလပ်ဖောင်းတစ်ခု ဖြစ်ပါတယ်။ အခြားသော EPR စနစ်များနှင့် နှိုင်းယှဉ်ပါက အသုံးပြုရ ပို၍လွယ်ကူကာ ပိုရိုးရှင်းပြီး ပိုမိုကောင်းမွန်သော အသုံးပြုသူ နားလည်လွယ်သော ပုံစံများနှင့်အတူ စိတ်ကြိုက် ပြင်ဆင်နိုင်မှုလည်း ပြုလုပ်နိုင်တာ ဖြစ်တာကြောင့် လူကြီးမင်းတို့ လုပ်ငန်းလိုအပ်ချက်အားလုံးနှင့် ကိုက်ညီစေပြီး စိတ်တိုင်းကျစေမဲ့ System တခု ဖြစ်မှာ အသေအချာ ဖြစ်ပါတယ်ရှင်။

ဒါကြောင့် လူကြီးမင်းတို့မှာ Small- or mid-sized organizations များအတွက် တင်သာမက Big-sized organizations များအတွက်ပါ အလွယ်ကူဆုံးနှင့် အလျင်မြန်ဆုံး အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ စနစ်တခုသစ်တခုအား အသုံးပြုတော့မည် ဆိုပါက ကျွန်မတို့ BEE Data Myanmar Software Solution မှ Odoo ERP စနစ်ကို ရွေးချယ် အသုံးပြုနိုင်ရန် အကြံဉာဏ်ကောင်းများ အပြင် အခြားသော Software Services များလည်း ပေးနိုင်ပါကြောင်း ပြောလိုက်ပါရစေရှင်။