မင်္ဂလာပါရှင်။ ဒီကနေ့ မှာတော့ Wholesale Distribution and Retail Industry များအတွက် Odoo ERP System မှ လက်ကားရောင်းချသူများနှင့် လက်လီရောင်းချသူများအား ၎င်းတို့လုပ်ငန်းများရဲ့ အပိုင်းတစ်ခုစီတိုင်းကို ဘယ်လိုမျိုး လွယ်ကူစွာ စီမံခန့်ခွဲနိုင်ကြောင်း ကို မိတ်ဆက် ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
လက်ကားလုပ်ငန်းများတွင်၊ ပြိုင်ဘက် Company များထက် အရာရာသာစေရန်၊ Supply Change Management လုပ်ငန်းစဉ်များကို အရှိန်မြှင့်ပြီး ဆောင်ရွက်ကြရန်မှာ အရေးကြီးလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Odoo မှာ ပါရှိတဲ့ Odoo Supply Change Management module ဟာဆိုရင် ကုန်ကြမ်းဝယ်ယူမှုမှ ကုန်ချောပစ္စည်းများပေးပို့ခြင်းအထိ ထိရောက်သောညှိနှိုင်းမှု ပုံစံအမျိုးမျိူးဖြင့် အကျိုးအမြတ်ပိုမိုရရှိစေမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပင်၊ System သည် လူကြီးမင်းတို့ရဲ့ ဖောက်သည်ကြီးများအတွက် စာရင်းအားလုံးကိုလည်း စနစ်တကျ စီမံခန့်ခွဲနိုင်ရန်လည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။ Odoo ERP System ဟာ Languages ပေါင်းစုံ၊ Currency မျိုးစုံ၊ တည်နေရာပေါင်းစုံကို ပံ့ပိုး ပေးထားတာကြောင့် လူကြီးမင်းတို့ Whole Slae Distribution လုပ်ငန်းများအား ကမ္ဘာနှင့် တစ်ဝှမ်းရှိ လက်ကား ဖြန့်ဖြူးရေး စီမံခန့်ခွဲမှုများ အထိ လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
လက်ကားရောင်းချသူများအတွက်၊ ပစ္စည်း စာရင်းစီမံခန့်ခွဲမှု (Inventory Management) ဆိုသည်မှာလည်း လုပ်ငန်းများရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Odoo မှ Support ပေးထားသော Inventory Management Module ကို အသုံးပြုခြင်းဖြင့် အချိန်မှန် နေရာမှန်တွင် Stock အလုံအလောက်ရှိစေပြီး ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုစနစ်အား ထိန်းသိမ်းရန် အမှန်တကယ်ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ထို့အပြင်၊ ပိုမို ကောင်းမွန်သော စာရင်းစီမံခန့်ခွဲမှုများဖြင့် လူကြီးမင်းတို့ သိုလှောင်ထားသော ပစ္စည်းများအားလုံးကို အချိန်နှင့် တပြေးညီ ရောင်းချနိုင်စေပြီး ၎င်းဖြင့် Customers ဖောက်သည်များ၏ တောင်းဆိုချက်များကို အချိန်မီ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် Key point တခုကတော့၊ လူကြီးမင်းတို့ရဲ့ စာရင်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို အလိုအလျောက်ဖြစ်စေပြီး စာရင်းအားလုံးကို အဆက်မပြတ် Tracking လုပ်နိုင်ပြီး စာရင်းများကို ထိရောက်သောနည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်တာကြောင့် အချိန်နှင့်တပြေးညီ Updates များနှင့် Stock level များကို မှန်ကန်သောနေရာများတွင် စတော့အလုံအလောက်ရှိကြောင်း သေချာသိရှိစေရပြီး Warehouse တည်နေရာများကို ခွဲခြား သတ်မှတ်နိုင်စေရန် Warehouse အများအပြားကို စီမံခန့်ခွဲနိုင်စေပါတယ်။
အရောင်းရှိသွားလျှင် အဝယ်ပိုင်းလည်း ရှိရမည်မှာ သဘာဝပင် ဖြစ်တာကြောင့် Odoo ရဲ့ ဝယ်ယူမှုစီမံခန့်ခွဲမှု Purchase module သည်လည်း ဝယ်ယူမှုလုပ်ငန်းစဉ်ရှိ အဆင့်များစွာကို ဖြစ်နိုင်သမျှ အလိုအလျောက်လုပ်ဆောင်ပေးကာ ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ ဝယ်ယူမှုလုပ်ငန်းစဉ်များကို ကိုယ်တိုင်ကိုင်တွယ် စီမံနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အမှားအယွင်းများကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ Purchase module မှာ လက်ကားဖြန့်ဖြူးသူများအား Online များမှတဆင့် ဝယ်ယူမှုလုပ်ငန်းစဉ်ကို အလိုအလျောက်လုပ်ဆောင်နိုင်စေပါတယ်။ Dashboard မှ လုပ်ငန်းစဉ်အားလုံးကို ကြည့်ရှုစီစစ်နိုင်တာလဲ ဖြစ်ပါတယ်။ လက်ကားရောင်းချသူများသည် ဝယ်ယူမှုလုပ်ငန်းစဉ် မထိရောက်ပါက ထုတ်လုပ်မှုဧရိယာနှင့် နောက်ဆုံးတွင် ဂိုဒေါင်များကို ထိခိုက်စေသောကြောင့် ဝယ်ယူသူများအနေဖြင့် အရောင်းဌာနများကို အများဆုံး အာရုံစိုက်ကြရတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် ရောင်းချခြင်း၏ စက်ဝန်းတစ်ခုလုံးကို ထိန်းသိမ်းရန်၊ ဝယ်ယူမှုဆိုင်ရာ စီမံခန့်ခွဲမှုသည် လုပ်ငန်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာတာကြောင့်
ပိုမိုကောင်းမွန်ပြီး မြန်ဆန်သော ဆုံးဖြတ်ချက်များ ချရန်အတွက် လူကြီးမင်းတို့ လုပ်ငန်းများတွင် ဝယ်ယူမှုပုံစံကို အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။ နောက်ထပ် အဓိကအချက်မှာ၊ Barcode scanner များသည် ဝယ်ယူမှုစီမံခန့်ခွဲမှုကို ပိုမိုလွယ်ကူစေပြီး ၎င်းသည် ဝယ်ယူမှုဆိုင်ရာ အဆိုပြုချက်များ၊ RFQs၊ Purchase order management ဝယ်ယူမှု စီမံကွပ်ကဲမှု လုပ်ငန်းစဉ်များနှင့် Suppliers management processes ပေးသွင်းသူများ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်တို့ကိုလည်း အလိုအလျောက် လုပ်ဆောင်ပေးသွားမှာ ဖြစ်တာကြောင့် လက်ကားရောင်းချသူများအတွက် ၎င်းတို့၏ဖောက်သည်များနှင့် အရောင်းလုပ်ငန်းစဉ်များကို အလွန်အဆင်ပြေပြေနှင့် ထိရောက်စွာစီမံခန့်ခွဲရန် ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်ရှင်။
လက်ကားဖြန့်ဖြူးသူများသည် အရောင်းအ၀ယ် အစီအစဉ်များ၊ အမှာစာများ၊ စျေးနှုန်း စာရင်းများနှင့် အခြားသော အရာများကို Sale Module ဖြင့်လည်း အရောင်း quotation မှ အစ ထုတ်ကုန်၏ နောက်ဆုံးပေးပို့မှုအထိ၊ အလိုအလျောက် လုပ်ဆောင်ခြင်းတို့ကို အဆင်ပြေစွာ စီမံခန့်ခွဲနိုင်ပါတယ်။
အရောင်း အဝယ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများရဲ့ အရေးပါသော Customer များ supplier များနှင့် စာရင်းရှင်းတမ်းများ နိုင်ငံခြားငွေ စာရင်းများရဲ့ ငွေကြေးလဲလှယ်နှုန်းများ၏ အရှုံးအမြတ်စာရင်းများ သိရှိနိုင်မှုဟာလဲ Odoo ERP ရဲ့ features များထဲက တစ်ခုပဲဖြစ်ပါတယ်။
ဒါ့အပြင် ပစ္စည်းများ Delivery ပို့ဆောင်ခြင်းအပိုင်း shipping အပိုင်းများ အတွက်လည်း delivery methods များစွာ နှင့် အတူ အရောင်း sale orders များအတွက် သီးခြား software သုံးစရာမလိုအောင် အသုံးပြုနိုင်တာမို့ Odoo ERP ရဲ့ အားသာချက်တစ်ခုလဲ ဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ ရဲ့ Wholesale Distribution နှင့် Retail လုပ်ငန်းများအား Odoo ERP ဖြင့် အကောင်အထည်ဖော်ကာ အသုံးပြုမည်ဆိုပါက၊ လူကြီးမင်းတို့ ဖောက်သည်များအား ပိုမို စိတ်ကြိုက်ဖြစ်စေသော အတွေ့အကြုံများကို ရရှိစေမှာ ဖြစ်ပါတယ်။ အရောင်းနှင့် စျေးကွက်ရှာဖွေရေး လုပ်ငန်းစဉ်တစ်လျှောက်မှာလည်း Data အားလုံးကို ချိတ်ဆက်ခြင်းဖြင့် လူကြီးမင်းတို့ ဖောက်သည်များကြီးများအကြောင်းနှင့် သက်ဆိုင်ရာ Accounts များ ၊ မှတ်တမ်းများ၊ လုပ်ဆောင်ချက်များနှင့် အခြားအရာများကဲ့သို့သော အချက်အလက် အပြည့်အစုံကို မြင်ကွင်း တစ်ခုတည်းတွင် မြင်နိုင်မှာ ဖြစ်တာကြောင့် လူကြီးမင်းတို့ရဲ့ Wholesale Distribution နှင့် Retail လုပ်ငန်းများမှာ Odoo ERP System များ အသုံးပြုသင့်နေပြီ ဖြစ်ပါကြောင်း မိတ်ဆက်ပေးရင်းအပြင် Odoo နှင့် ပတ်သက်သမျှ အရာရာ တိုင်ပင် ဆွေးနွေးမည်ဆိုပါကလည်း ကျွန်မ တို့ BEE Data Myanmar Software Solution မှ အသင့် ကြိုဆိုလျက် ရှိနေပါတယ်ရှင်။