Edit Content
Bee Data Odoo ERP Company logo

About Us

Founded in 2016, BEE Data Myanmar is a provider of IT consulting and software development services.

We specialize in Odoo ERP implementation services, business applications across ERP, e-Commerce, Web & Mobile solutions to implement specially tailored platforms for our clients.

Contact Info

 Odoo ERP Construction Management

မင်္ဂလာပါ လူကြီးမင်းတို့ရှင်။

ဒီတပတ်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းများတွင် Odoo ERP ဖြင့် Construction Industry Management များကို စနစ်တခုတည်းတွင် အဆင်ပြေလွယ်ကူစွာ အသုံးပြု၍ ရရှိနိုင်ခြင်း အကြောင်းကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

ခေတ်မှီ တိုးတက်နေသော ဆောက်လုပ်ရေးလုပ်ငန်းများမှ Construction Project Managers များနှင့်အတူ သက်ဆိုင်ရာ Stakeholders များဟာ မိမိတို့ရဲ့လုပ်ငန်းများကို အကောင်းဆုံး ဖြစ်လာကြစေရန်နှင့် စီစဉ်ထားသော Projects များ အား ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန် အမြဲ စဉ်းစား တွေးတော နေရပြီဆိုလျှင် Odoo ERP Construction Management ဟာ ဆောက်လုပ်ရေးလုပ်ငန်းများအား မည်ကဲ့သို့ အထောက်အကူ ဖြစ်စေသည်ကိုလည်း လေ့လာကြည့်ကြရအောင်ပါနော်။

📌Project Management အပိုင်းတွင် System အသုံးပြုခြင်း၏ အဓိက အားသာချက်များထဲမှ တစ်ခုမှာ ဆောက်လုပ်ရေး Project စီမံခန့်ခွဲမှု၏ ရှုထောင့် အားလုံးကို ပလပ်ဖောင်း တစ်ခုတည်း (All-in-One Solution) သို့ ပေါင်းစပ်နိုင်မှုပင် ဖြစ်ပါတယ်။ ၎င်းတွင် ပရောဂျက် စီမံကိန်းများ ရေးဆွဲခြင်း၊ Resourses အရင်းအမြစ် စီမံခန့်ခွဲမှုများ ၊ Budget ရေးဆွဲခြင်း၊ ငွေကြေး စီမံခန့်ခွဲမှုများနှင့် Project တိုးတက်မှုများကို ခြေရာခံခြင်းတို့ ပါဝင်သည်။ ယင်းကြောင့် ဆောက်လုပ်ရေးကုမ္ပဏီများသည် ၎င်းတို့၏ Project များ၏ ရှုထောင့်အားလုံးကို ရှင်းရှင်းလင်းလင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုသိရှိနိုင်စေကာ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ဖော်ထုတ်ဖြေရှင်းရန် ပိုမိုလွယ်ကူလာစေပါတယ်။

📌Scheduling Management ကို အသုံးပြုခြင်း၏ နောက်ထပ် အကျိုးကျေးဇူးတစ်ခုမှာ ၎င်း၏ အမျိုးမျိုးသောအလုပ်များနှင့် လုပ်ငန်းစဉ်များကို အလိုအလျောက် လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ ဥပမာအားဖြင့်၊ ၎င်းသည် ဆောက်လုပ်ရေး လုပ်ငန်း Project တခု အတွက် လိုအပ်သော Resourses များ နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ အပေါ် အခြေခံ၍ Project Scedules အချိန်ဇယားများကို ထုတ်ပေးနိုင်တာကြောင့် လုပ်ငန်းများ၏ တိုးတက်မှုကို အလိုအလျောက် သိရှိနိုင်ပြီး လုပ်ငန်းပြီးစီးမှု အစီရင်ခံစာများကို အချိန်မီ ထုတ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

📌Recourses Planning သည် အလုပ်သမားများနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများရရှိနိုင်မှုကို မူတည်ပြီး လုပ်ငန်းများ စီမံခန့်ခွဲရန်အတွက် များစွာ ထောက်ပံ့ပေးထားပါတယ်။ လုပ်ငန်းတခုအား မှန်ကန်သော အချက်အလက်များဖြင့် တိကျသော အချိန်ကာလအတွင်း ကောင်းမွန်စွာ စီမံတတ်ခြင်းဟာ သက်ဆိုင်ရာ လုပ်ငန်းများရဲ့ အချိန်နှောင့်နှေးမှုများ မဖြစ်စေတော့ဘဲ သတ်မှတ်ကာလ အတွင်း စီစဉ်ထားသည့် အတိုင်း အောင်မြင်စွာ ပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။

📌Budget Analysis ၏ နောက်ထပ်ထူးခြားချက်မှာ ၎င်း၏ Budget Analysis စီမံခန့်ခွဲနိုင်မှုပင် ဖြစ်ပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းများအား ဘတ်ဂျက်အတွင်းတွင် ရှိနေစေရန်နှင့် ကုန်ကျစရိတ်များ အလွန်အကျွံ အသုံးပြုနေခြင်း ကို ရှောင်ရှားနိုင်ရန်လည်း ကူညီပေးနိုင်ပါတယ်။

📌Procurement Department အပိုင်းမှလည်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ဝယ်ယူရာတွင်လည်း အချိန်မီ ဝယ်ယူထားနိုင်ကြမှာ ဖြစ်ပြီး သင့်တင့်သော အကောင်းဆုံး စျေးနှုန်းများဖြင့် ဝယ်ယူစုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ Supplier Billing process များ နှင့် Analysis အပိုင်းကိုလည်း ကောင်းမွန်စွာ စီမံနိုင်မှာ ဖြစ်ပါတယ်။

📌Inventory management လက်ကျန် စာရင်းများ ပိုလျှံစာရင်းများ ဂိုထောင်ရှိစာရင်းများ project site များရှိ စာရင်းများ စသဖြင့် ကုန်ကြမ်းစာရင်းများမှ နောက်ဆုံးကုန်ပစ္စည်း လက်ကျန်အထိ စာရင်းမှတ်တမ်းကို သိနိုင်မှာဖြစ်ပါတယ်။

📌Financial Management

Odoo ရှိ စာရင်းကိုင်စီမံခန့်ခွဲမှုသည် ဆောက်လုပ်ရေးလုပ်ငန်းများအား ၎င်းတို့၏ဘဏ္ဍာရေးဘတ်ဂျက်လျာထားမှု၊ ခွဲခြမ်းစိတ်ဖြာမှုစာရင်းအင်းနှင့် အခွန်ကောက်ခံမှုဆိုင်ရာ လိုက်နာမှုတို့ကို 360 ဒီဂရီပုံဖြင့် ပံ့ပိုးပေးပါသည်။ Project တစ်ခုချင်းဆီရဲ့ profit and loss ကိုလည်း သိရှိနိုင်ပါသည်။

📌Sub-Contractors Management အပိုင်းတွင်လည်း ပိုမိုလွယ်ကူစွာ စီမံဆောင်ရွက်နိုင်သဖြင့် work order အချက်အလက်များ work history အပိုင်းများပိုင်း Analysis လုပ်နိုင်မည် ဖြစ်ပါသည်။ contractor အလိုက် price comparison များလည်း စီမံလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

📌Customer Relationship Management (CRM) ကတော့ Customers များနှင့် အပြန်အလှန် စုံစမ်းမေးမြန်းမှုများကို စီမံခန့်ခွဲခြင်းနှင့် Customers များ လိုအပ်သည်များကို ပံ့ပိုးမှုပေးခြင်းတို့ကို ပြုလုပ်နိုင်သည့်အပြင် Customers များ၏ စိတ်ကျေနပ်မှုကို ရရှိနိုင်ရန်နှင့် ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်ရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ CRM process မှ သည် အရောင်းပိုင်း Sale များ Project sale များ ဖြစ်သည် အထိ quotation history records များ လည်း သိနိုင်မည်ဖြစ်သည်။

ဆောက်လုပ်ရေးကုမ္ပဏီများအား ၎င်းတို့၏ Projects များ၊ Resourses များနှင့် Budget များကို ထိထိရောက်ရောက် စီမံခန့်ခွဲရန် ကူညီပေးနိုင်သည့် အစွမ်းထက်သော Tool တစ်ခုဖြစ်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းကြီး တခုလုံးရဲ့ လိုအပ်ချက်များကို တိကျစွာ စီမံပေးနိုင်သော Odoo ERP Construction Management အား ပြောင်းလဲကာ အသုံးပြုမည်ဆိုပါက ကျွန်မတို့ရဲ့ BEE Data Myanmar Software Solution မှ ကူညီရန် အသင့် ရှိနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။