
မင်္ဂလာပါရှင်။
ဒီကနေ့ကတော့ လူကြီးမင်းတို့ရဲ့ Gems & Jewellery Industry များမှာ မြင့်မားသော အမြတ်အစွန်းများကို အသေအချာ ရရှိရန် ကူညီပေးနေတဲ့ Odoo Jewellery Management System အကြောင်းကို ပြောပြချင်ပါတယ်။
လူကြီးမင်းတို့ သိကြတဲ့အတိုင်း Gems & Jewellery Business စိန်၊ ရွှေ၊ ရတနာ၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းဟာ ကမ္ဘာပေါ်တွင် ရှေးကျသော လုပ်ငန်းများစွာထဲမှ တစ်ခုအပါအဝင် ဖြစ်ပြီး ဒီလုပ်ငန်းမှာ လုပ်ငန်းသဘာဝအရ ရှုပ်ထွေးနေမှုများမှာ ယနေ့ထိ ရှိနေဆဲ ဖြစ်ပါတယ်။
စိန်၊ ရွှေ၊ ရတနာ၊ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရှိ Team များသည်လည်း ကျောက်မျက်များ ဖြတ်တောက်ခြင်း၊ ကုန်ကျစရိတ် မြင့်မားသော ကျောက်မျက်ရတနာပစ္စည်းများကို စာရင်းစီမံခန့်ခွဲမှုများ ပြုလုပ်ရခြင်း၊ အခြားသော အရေးကြီးလုပ်ငန်းများ ပေါ်လာလျှင် Orders အမှာစာများ ရရှိရန် နှောင့်နှေးခြင်း၊ ကျောက်မျက်၊ စိန်၊ ရွှေ သို့မဟုတ် ကျောက်မျက်ရတနာများအား Cutting ဖြတ်တောက်ခြင်း၊ Polishing တိုက်ခြင်း၊ Packaging ထုပ်ပိုးခြင်းအပြင် ကုန်ချောပစ္စည်းများပေးပို့ခြင်း စတဲ့ အခက်အခဲများစွာကိုလည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ Gems & Jewellery Industry များမှာ Odoo ERP System တခု Implement ပြုလုပ်ခြင်းဖြင့် စိန်၊ ရွှေ သို့မဟုတ် ကျောက်မျက်ရတနာများအား အကြမ်းထည်မှသည် အလှဝတ် လက်ဝတ်ရတနာ များ အပြင် ဝယ်ယူသူထံ ပစ္စည်းများ လက်ဝယ်ရောက်ရှိသည် အထိ ရတနာ ရောင်းဝယ်ရေး လုပ်ငန်းကြီးအား အဆင်ပြေ လွယ်ကူစေမှာ ဖြစ်ပါတယ်။ Odoo Jewellery Management System မှာ အောက်ဖော်ပြပါ Features များလည်း ပါရှိပါတယ်။
Purchase Jewellery. (လက်ဝတ်ရတနာများအား ဝယ်ယူခြင်း)
Receive Jewellery (လက်ဝတ်ရတနာများအား လက်ဝယ်လက်ခံထားခြင်း)
Sale Jewellery (လက်ဝတ်ရတနာများအား ရောင်းချခြင်း)
Deliver Jewellery (ရောင်းချပြီး လက်ဝတ်ရတနာများအား ဝယ်ယူသူထံ ပေးပို့ခြင်း)
Manufacturing Jewellery Production (လက်ဝတ်ရတနာများ ထုတ်လုပ်ခြင်းအပိုင်း စီမံနိုင်ခြင်း)
Create and pay Supplier Bills for Jewellery (လက်ဝတ်ရတနာများအတွက် Suppliers bills များအား စိတ်ကြိုက်ပုံစံ ပြုလုပ်နိုင်ခြင်း)
Create and receive payment for Jewellery Sold. (ရောင်းချပြီးသော လက်ဝတ်ရတနာများအတွက် Payments များအား စိတ်ကြိုက်ပုံစံ ပြုလုပ်နိုင်ခြင်း)
Currency exchange rates ပေါ် မူတည်၍ စျေးနှုန်းများ သတ်မှတ်နိုင်ခြင်း
Jewelry production တစ်ခု ထုတ်ရာ အသုံးပြုပစ္စည်းများ လုပ်အားခများ စသည့်လက်ဝတ်ရတနာ တစ်ထည် ဖြစ်လာဖို့အတွက် ကုန်ကျစရိတ်များ ကို သိရသဖြင့် System အသုံးပြုခြင်း၏ အကျိုးကျေးဇူး ရရှိမည် ဖြစ်ပါသည်။
လက်ဝတ်ရတနာများအား ဝယ်ယူခြင်းနှင့် ရောင်းချနေစဉ် ကျောက် အလေးချိန်များအား စီမံခန့်ခွဲနိုင်ခြင်း အပိုင်းတွင် ဝယ်ယူစဉ်တွင် လက်ဝတ်ရတနာကျောက် အလေးချိန်ကို အလိုအလျောက်ထည့်နိုင်သလို ရောင်းချစဉ်တွင် လက်ဝတ်ရတနာကျောက် အလေးချိန်ကို အလိုအလျောက်နှုတ်ယူနိုင်မှာလည်း ဖြစ်ပါသည်။
စုစုပေါင်းအလေးချိန်၊ ကျောက်အလေးချိန်၊ Catalogue အမျိုးအစားများအလိုက် Template Product ပေါ် မူတည် ၍ Gross Weight, Stone Weight, Net weight များအားလည်း တွက်ချက်ပေးသ ဖြင့် အသားတင်အလေးချိန်ကို အလိုအလျောက် သိရှိနိုင်မှာ ဖြစ်ပါတယ်။
Supports Partial/full/Extra Metal Payment ၊ Stone Payment ၊ Jewellery payment စသည့် များအတွက် ဘဏ်၊ ငွေသားစသည်ဖြင့် အခြားငွေပေးချေမှု နည်းလမ်းများ နှင့်အတူ ငွေပေးချေမှု အသေးစိတ် Payment Processing များ ဖြစ်သည့် တစ်စိတ်တစ်ပိုင်း/အပြည့်/အပိုငွေပေးချေမှုနှင့် လက်ကျန်ငွေကို ပံ့ပိုးပေးထားပါတယ်။
Reporting အပိုင်းတွင်လည်း အရောင်း၊ ဝယ်ယူမှု၊ ပေးသွင်းသူ/ဖောက်သည် ပြေစာ၊ လက်ဝတ်ရတနာ အသေးစိတ်များကို ပြသရန် ပြုပြင်ထားသော အဝင်/အထွက် ကောက်ယူမှုကဲ့သို့သော အစီရင်ခံစာများအားလုံးကိုလည်း စီမံထားနိုင်ခြင်း။
Odoo ရဲ့ Jewellery Management System မှာ Jewellery Business များအတွက် လိုအပ်လျက်ရှိသော Features များ အစုံအလင် ပါရှိတာကြောင့် လူကြီးမင်းတို့ အနေဖြင့် မိမိတို့ရဲ့ Gems & Jewellery Business လုပ်ငန်းများအား နည်းပညာသစ်များနှင့်အတူ ကောင်းမွန်စွာ လည်ပတ်စေလိုပါက ယခုဘဲ Odoo Jewellery Management System ကို Implementing ပြုလုပ်ဖို့ လက်တွေ့ အကောင်အထည် ဖော်မည် ဆိုပါက ကျွန်မတို့ရဲ့ BEE Data Myanmar Software Solution မှာ လာရောက် တိုင်ပင်နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ရှင်။