
မင်္ဂလာပါရှင်။
ဒီကနေ့ကတော့ Odoo development နဲ့ ပတ်သတ်ပြီး အမေးအများဆုံး အမေးအဖြေများကို လေ့လာကြည့်ကြရအောင်လားရှင်။
❓❓❓Odoo development ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာနှင့် ၎င်းကို အသုံးပြုခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးများ ရနိုင်မလဲ။
Odoo development ဆိုသည်မှာ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော Functions များအားလုံးကို Odoo ERP (Enterprise Resource Planning) system များနှင့် ပေါင်းစပ်ပြီးနောက် စိတ်တိုင်းကျ customizing လုပ်ပေးသော processes များ ဖြစ်ပါတယ်။ Odoo ဆိုသည်မှာလည်း ၎င်းအား အသုံးပြုသူ Users များအတွက် အသုံးပြုရ လွယ်ကူသော Open-source platform တခုဖြစ်ပြီး အမျိုးမျိုးသော Business applications များဖြစ်ကြတဲ့ Sales ပိုင်း၊ CRM ပိုင်း၊ Accounting ပိုင်း၊ Inventory ပိုင်း၊ Manufacturing ပိုင်းများ၊ HR များ အပြင် အခြားသော Business applications ပေါင်းများစွာကို တခုတည်းသော a single system အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်သော Software System တခုလည်း ဖြစ်ပါတယ်။ ယခုလိုမျိုး All-in-one-management Software တခုဖြစ်တဲ့ Odoo development services များကို လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများမှာ အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ရဲ့ Business များမှ အလုပ်များအား ပို၍ အဆင်ပြေလွယ်ကူစေခြင်း၊ လုပ်ငန်းစီးဆင်းမှုများကို အလိုအလျောက် ဖြစ်ပေါ်စေခြင်း၊ လုပ်ငန်း လုပ်ဆောင်မှု စွမ်းရည်များ ပိုမို တိုးတက်လာခြင်း အစရှိတဲ့ အားသာချက်များကို ရရှိစေမှာ ဖြစ်ပါတယ် လို့ ဖြေဆိုထားကြပါတယ်။
❓❓❓Odoo development services များနဲ့ စိတ်ကြိုက် customization လုပ်နိုင်ခြင်းဆိုတာ ဘယ်လိုမျိုးပါလဲ။
လူကြီးမင်းတို့ လုပ်ငန်း လိုအပ်ချက်များနှင့်အညီ ERP System အဖြစ် ကိုက်ညီမှု ရှိစေရန်အတွက် Odoo development services မှ စိတ်ကြိုက်ပြုလုပ်နိုင်သော customization options များစွာကို provide လုပ်ပေးထားပါတယ်။ တချို့သော customization options များကိုလည်း အောက်မှာ ဖော်ပြထားပါတယ်။
📌လုပ်ငန်းလိုအပ်များအရ Modules အသစ်များ၊ Applications အသစ်များ Creating ပြုလုပ်နိုင်ခြင်း။
📌 ရှိနှင့်ပြီးသော existing modules များကိုလည်း လူကြီးမင်းတို့ရဲ့ လုပ်ငန်း စီးဆင်းမှု workflow ပုံစံများ နှင့် Business processes များနှင့် ကိုက်ညီမှု ရှိစေရန် Modifying ပြုလုပ်ကာ ပြန်လည် အသုံးပြုနိုင်ခြင်း။
📌 လုပ်ငန်းဆိုင်ရာ Data အချက်အလက်များအား capture လုပ်ရန်နှင့် analyze ပြုလုပ်ရန် custom fields များ၊ reports များ၊ dashboards များအား Adding ပြုလုပ်နိုင်ခြင်း။
📌 Odoo သည် အခြားသော third-party systems များဖြစ်ကြသော ဉပမာ – Payment Gateway Integration ၊ Biometric Device Integration၊ Social Media Integration၊ SMS Gateway Integration များနှင့် Shipping Integration များကို APIs များနှင့်လည်း ပေါင်းစပ် အသုံးပြုနိုင်ခြင်း။
📌 အသုံးပြုသူ Users များ အဆင်ပြေလွယ်ကူစေရန် user interfaces များကိုလည်း စိတ်ကြိုက် Designs များဖြင့် Implementing ပြုလုပ်ထားနိုင်ခြင်း။
📌 Customize ပြုလုပ်ထားသော Business workflows များ၊ Notifications များ၊ Alerts များမှတဆင့် မိမိတို့ လုပ်ငန်း လည်ပတ်စီးဆင်းမှုများကို အလိုအလျောက် သိရှိစေခြင်း အစရှိသဖြင့် Customization Options များစွာ ပါဝင်ထားကြောင်း ဖြေဆိုထားပါတယ်ရှင်။
❓❓❓Odoo projects များအတွက် ongoing support များနဲ့ maintenance options များ ရှိပါသလား။
📌 ကနဉီး အစမှာ Odoo Implementation ပြီးစီးပြီးနောက် အရေးကြီးဆုံးကတော့ Odoo system အား ကောင်းမွန်စွာ အသုံးချနိုင်ရန် Ongoing support and maintenance ပိုင်းများ ဖြစ်ပါတယ်။ Odoo development services များမှာလည်း တခါတရံ မတူညီသော options များ ၊ features များ ကို Support လုပ်ပေးပါတယ်။
ဘယ်လို Options များလဲဆိုတော့
📌 Bug fixing နဲ့ issue resolution များအတွက် Odoo Developers များသည် System အတွင်း အမှတ်မထင် ဖြစ်ပေါ်လာသော ပြဿနာများ၊ Functional issues များကို ဖြေရှင်းပေးနိုင်ခြင်း။
📌 Upgrades နှင့် updates များ အတွက် ဆိုရင်လည်း လူကြီးမင်းတို့ရဲ့ Odoo System မှာ နောက်ဆုံးပေါ် Versions များ အပြင် ထပ်မံ ထွက်ရှိသော New features များ ၊ Improvement များကို ပုံမှန် up to date များ ပြုလုပ်ပေးခြင်း။
📌 System monitoring နှင့် performance optimization များမှာ ဆိုရင်လည်း Odoo system ၏ performance များကို Monitoring ပြုလုပ်စေခြင်း၊ နှောင့်နှေးကြန့်ကြာမှုများကို Identifying ပြုလုပ်နိုင်ခြင်း၊ User experience အဆင်ပြေစေရန် System performance များကို Optimize ပြုလုပ်နိုင်ခြင်း။
📌 Training နှင့် user support များတွင် Odoo system ကို အသုံးပြုနေချိန်မှာ မည်သို့သော issues များဖြစ်ပါစေ System မှ Offer လုပ်နိုင်ခြင်း အပြင် System end-users များအား Training များ ပေးနိုင်ခြင်း တို့ ဆိုပြီး အမေး အများဆုံး များကို ဖြေဆိုထားကြပါတယ်။
အမေးအများဆုံး မေးခွန်းများကိုသာ ဖြေဆိုထားတာ ဖြစ်တာကြောင့် လူကြီးမင်းတို့ အနေဖြင့် ထပ်မံ သိလိုသည်များ ရှိပါက ကျွန်မတို့ရဲ့ BEE Data Myanmar ကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။