Edit Content
Bee Data Odoo ERP Company logo

About Us

Founded in 2016, BEE Data Myanmar is a provider of IT consulting and software development services.

We specialize in Odoo ERP implementation services, business applications across ERP, e-Commerce, Web & Mobile solutions to implement specially tailored platforms for our clients.

Contact Info

 What is Odoo sh?

မင်္ဂလာပါရှင်။

ဒီကနေ့မှာတော့ All-in-one management software တခုဖြစ်ပြီး Open source software တခုလည်း ဖြစ်တဲ့ Odoo ERP software အား ကမ္ဘာနှင့် တဝှမ်း အသုံးပြုသူများ ပိုမို များပြားလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် သက်သာပြီး အသုံးပြုရလွယ်ကူသော Odoo ERP Software ကို လူကြီးမင်းတို့ရဲ့ စီးပွားရေး လုပ်ငန်းများမှာ စတင် အသုံးပြုရာတွင် Hosting Platform အား ရွေးချယ် အသုံးပြုခြင်းသည် အရေးပါသော အကြောင်းအရာ တခုဖြစ်ပါတယ်။ မိမိတို့ ရွေးချယ်လိုက်သော Platform ဟာ မိမိလုပ်ငန်း လိုအပ်ချက်များနှင့် ကိုက်ညီမှု ရှိမှသာ ကောင်းမွန်စွာ အသုံးပြုနိုင်သော Odoo ERP software ကို ရရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ အချက်အလက်များအား အဆင်ပြေစေရန်အတွက် အသင့်တော်ဆုံး Odoo Hosting Platform တခုကို ပြောပြရမည်ဆိုပါက Odoo.sh Hosting Platform အကြောင်းဘဲ ဖြစ်ပါတယ်။

Odoo.sh Hosting platform ဆိုတာကတော့ Odoo ERP solution ရဲ့ Cloud-based version တခုဘဲ ဖြစ်ပါတယ်။ အခြားသော on-premise version များကဲ့သို့ features များ၊ Data operations များ ကို offer လုပ်ပေးနိုင်သော်လည်း မတူညီသောအချက်ကတော့ Cloud ပေါ်မှာ Hosted လုပ်နိုင်ခြင်းဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Businesses ပိုင်းဆိုင်ရာ Operations များအား Scale up ပြုလုပ်ရာမှာ System အတွက် Hardware Software Maintenance များအတွက် Worry များစရာမလိုဘဲ Click တချက်နှိပ်ရုံဖြင့် လွယ်ကူလျင်မြန် Access ပြုလုပ်ပေးနိုင်တာ ဖြစ်ပါတယ်။ Odoo.sh ဟာ Cloud base System ဖြစ်တာကြောင့် System setup နှင့် System Maintenance များအတွက် IT teams များ ထားရှိရန်လည်း မလိုအပ်ပေ။ ဒါ့အပြင် Cloud deployment အား အသုံးပြုခြင်းဟာ Software များရဲ့ new version များအား လျင်မြန်စွာ Deploy ပြုလုပ်နိုင်မှာ ဖြစ်ပြီး လူကြီးမင်း တို့ Businesses ပိုင်းအတွက် Upgraded Features များရရှိစေမှာ ဖြစ်ပါတယ်။ Odoo.sh ရဲ့ Features များ ၊ Advantages များနှင့် Odoo.sh ၏ UI/UX Design များအပြင် အခြားသော Apps များဖြင့်လည်း Integration ပြုလုပ်ကာ အသုံးပြုနိုင်ကြောင်းကို ထပ်မံလေ့လာကြည့်ရအောင်လားရှင်။

Odoo.sh မှာ များစွာသော Features များကို Offer ပေးနိုင်ပါတယ်။ ၎င်းတို့မှာ –

✅ Odoo.sh ရဲ့ Features များ

– Automated backups များ ပြုလုပ်ပေးခြင်း (လူကြီးမင်းတို့၏ System data များအား အလိုအလျောက် သိမ်းဆည်းပေးခြင်း )

– သိမ်းဆည်းထားသော Data များ လုံခြုံမှုရှိစေရန် အတွက် Security Features များ ပါရှိခြင်းတို့အပြင် လူကြီးမင်းတို့ လုပ်ငန်းလိုအပ်ချက်များနှင့် အညီ အခြားသော Apps များနှင့်လည်း ပေါင်းစပ် ပြုလုပ်ခွင့်များလည်း ရရှိစေမှာ ဖြစ်ပါတယ်။

– Odoo.sh Cloud-based အား deployment ပြုလုပ်ထားခြင်းသည် Hardware နှင့် Software များနှင့်ဆက်စပ်နေသော ကုန်ကျစရိတ်များကိုလည်း လျှော့ချပေးကာ လုပ်ငန်းအရွယ်အစားအားလုံးအတွက် စံပြဖြေရှင်းချက်တစ်ခု ဖြစ်လာစေပါတယ်။

✅ Odoo.sh Cloud-based version ရဲ့ advantages များ

Odoo.sh မှာ သာမန် On-premise ERP solution များမှ မပေးနိုင်သော

– multi-tenancy များ၊

– built-in scalability များ၊

– automated upgrades များ အစရှိတဲ့ အားသာချက်များ ပိုမို ပါရှိပါတယ်။ ဒါ့အပြင် လူကြီးမင်းတို့ဟာ Odoo.sh ရဲ့ Features များအား မည်သည့်နေရာ ရောက်နေပါစေ Server Installation များပင် လုပ်စရာ မလိုဘဲ အချိန်ကုန် သက်သာစွာဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

✅ Odoo.sh ၏ UI/UX Design များ

Odoo.sh ကို User friendly ဖြစ်သော ပုံစံများဖြင့် လေ့လာရလွယ်ကူစေရန် ဒီဇိုင်းထုတ်ထားသည်။ ထို့အပြင် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ Analystics များ ပြုလုပ်ပေးခြင်း၊ Automated workflows များ၊ Secure Authentications များ စိစစ်ပေးခြင်းနှင့် အခြားသောPopular software solutions များနှင့် ပေါင်းစည်းခြင်းကဲ့သို့သော ဝန်ဆောင်မှုများနှင့် အကျိုးကျေးဇူးများစွာကို ပေးထားပါတယ်။

✅ Tightly integrated with GitHub

Odoo sh ဟာ GitHub နဲ့ Integration ပြုလုပ်ထားသည့်အတွက် Developer များက အလွယ်တကူ Deployment ပြုလုပ်နိုင်ခြင်းကြောင့် အချိန်ကုန်သက်သာစေပါတယ်။

Developers တင်သာမက Testersများ ၊ Project Managersများ ၊ System Administrators များပါ အကျိုးရှိ အဆင်ပြေပါတယ်ရှင့်

ဒါကြောင့် လူကြီးမင်းတို့ရဲ့ စီးပွားရေး လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲစေပြီး ခေတ်မှီ နည်းပညာများနှင့် ပေါင်းစပ် အသုံးပြုမည်ဆိုပါက Odoo ERP software များနှင့် အတူ Hosting Platform များအား လုပ်ငန်းလိုအပ်ချက်များနှင့် ယှဉ်တွဲ အသုံးပြုနိုင်ခြင်းသည် အရေးကြီးသော အခန်းဖြစ်သည့်အတွက် ကျွန်မတို့ရဲ့ BEE Data Myanmar Software Solution Company မှ လူကြီးမင်းတို့ စိတ်တိုင်းကျ ကူညီဆောင်ရွက်ပေးရန် အဆင်သင့် ရှိနေပါကြောင်း ပြောလိုက်ပါရစေရှင်။