မင်္ဂလာပါရှင်။
ဒီတပတ်မှာတော့ Odoo ERP Hospital Clinic Management System သည် ဆေးရုံ၊ဆေးခန်းများရဲ့ စီမံခန့်ခွဲမှုများ အနေဖြင့် လူနာများ၏ အရေးကြီးသော အချက်အလက်များ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာများ၊ ချိန်းဆိုမှုများနှင့် အချိန်ဇယားများ ရေးဆွဲနိုင်ခြင်းများ၊ အကဲဖြတ်ခြင်းများ၊ ဆေးစာများကို စီမံခန့်ခွဲခြင်းများ၊ ခွဲစိတ်မှုများ၊ ကုသမှုများ၊ နောက်ဆက်တွဲများ၊ ဓာတ်ခွဲခန်းနှင့် ပုံရိပ်ဖော်စစ်ဆေးမှု လုပ်ငန်းစဉ်များနှင့် အခြားအရာများစွာတို့ ပါဝင်သော ဆေးရုံ၊ဆေးခန်း ကျန်းမာရေးဌာနများရဲ့ လှုပ်ရှားမှုများကို စနစ်တကျ တိကျ မြန်ဆန်စွာ စီစဉ် လုပ်ဆောင် ပေးနိုင်နေသော Systems များ ဖြစ်ကြကြောင်းနှင့် System တွင် ပါဝင်သော Core Features များ အကြောင်းကို မိတ်ဆက်သွားပါရစေရှင်။
Manage Patient Detail (လူနာများရဲ့ အချက်အလက်များအား အသေးစိတ် စီမံပေးနိုင်ခြင်း)
ဒီ Feature မှာ Odoo Hospital and Clinic Management Systems မှ လူနာများနှင့် သက်ဆိုင်သော ရောဂါ ရာဇဝင်များ၊ ဆေးဝါးများ၊ Lab tests များ၊ ကြိုတင် Appointment များအပြင် တာဝန်ကျ Nursing Plan များနှင့် ကုသရေး Discharge Plan များပါ စီမံ ဖန်တီးနိုင်ခြင်း တို့ ပြုလုပ်နိုင်ပါတယ်။ လူနာများနှင့် သက်ဆိုင်သော Reports များစွာ – ဥပမာ – Patient Card report များ၊ Patient Meditation History report များ၊ Patient Vaccinations History report များ၊ Patient Lab Test report များ၊ Patient များရဲ့ သက်ဆိုင်ရာ မိသားစု အချက်အလက်များ Patient များရဲ့ ဆေးညွှန်း report များ၊ ဆေးဝါးများအတွက် ကျသင့်ငွေ (Invoice) များ တွက်ချက်ပေးနိုင်ခြင်းများ၊ ဆရာဝန်များနှင့် appointment များ ပြုလုပ်ပေးခြင်းများ၊ Appointment report များ၊ Appointment Invoices များ၊ ဆေးရံမှ လူနာများ ဆေးရုံတက်ရခြင်းများဖြင့် လွှဲပြောင်းရလျှင်လည်း ဆေးရုံတက်ခွင့်ရသည့် အထောက်အထားများနှင့် အတူ အခန်းများ Transfer ပြုလုပ်ပေးနိုင်ခြင်းများ ကိုလည်း Odoo System မှ တိကျ မြန်ဆန်စွာ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Manage New Born Details (မွေးကင်းစ ကလေးငယ်များအတွက် အသေးစိတ် စီမံပေးနိုင်ခြင်း)
ဒီ Feature မှာ Odoo Hospital and Clinic Management Systems မှ မွေးကင်းစ ကလေးငယ်များအတွက် APGAR ရမှတ်များ၊ ပြန်လည် အသက်ဝင်လာခြင်းများ၊ မွေးကင်းစကလေးများရဲ့ လက္ခဏာများနှင့် ရောဂါလက္ခဏာများ၊ မွေးကင်းစကလေးများ ပြန်လည် တုံ့ပြန်စစ်ဆေးမှုများ၊ မွေးရာပါရောဂါများ၊ ဆေးဝါးများနှင့် စမ်းသပ်မှုအသေးစိတ်များကဲ့သို့သော လိုအပ်သော အသေးစိတ် အချက်အလက်များကို System တွင် ထည့်သွင်းနိုင်ပြီး တိကျမြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် New born card report များလည်း System မှ အလိုအလျောက် စနစ်များဖြင့် ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
Lab test requests and results (ဓာတ်ခွဲခန်း စမ်းသပ်မှုများအတွက် တောင်းဆိုမှုများနှင့် ရလဒ်များ)
ဒီ Feature မှာလည်း လူနာများသည် လိုအပ်သော ဓာတ်ခွဲခန်း စမ်းသပ်မှုများအတွက် တောင်းဆိုမှုများ ပြုလုပ်နိုင်သလို ဓာတ်ခွဲခန်း ရလဒ်များကို ပြန်လည် ရယူနိုင်မှာ ဖြစ်ပါတယ်။
Stock Management (ဆေးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအား စီမံနိုင်ခြင်း)
ဒီ Feature မှာ ဆေး (Medicine) များ၊ ဖြည့်စွက်ဆေး (Supplements) များ၊ ကာကွယ်ဆေး (Vaccines) များ၊ (beds) ကုတင်များနှင့်အခြားသော ဆေးဘက်ဆိုင်ရာ ပစ္စည်း (Medical Service Products) များကို စာရင်းသွင်းကာ Registration များ ပြုလုပ်ထားနိုင်ခြင်း၊ Products များအား အမျိုးမျိူးသော Stock locations များတွင် စာရင်းသွင်း စီမံနိုင်ခြင်း၊ Products များအား Lot အလိုက် Serial Numbers များအလိုက် Tracking ပြုလုပ်နိုင်ခြင်း၊ Products များအား အတိုးအလျော့ ထိန်းချုပ်နိုင်များအား တိကျ မြန်ဆန်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Financial Management (ငွေကြေး အဝင်အထွက်စာရင်းများ အား စနစ်တကျ စီမံပေးနိုင်ခြင်း)
ဒီ Feature ကတော့ Odoo ရဲ့ Accounting and Invoicing Apps များဖြင့် အတူတကွ ပေါင်းစပ်ထားပြီး သက်ဆိုင်ရာ လူနာ မှတ်တမ်းများ၊ အကောင့်များမှ တဆင့် အမျိူးမျိူး လုပ်ငန်းစဉ်များအတွက် Invoices များကို System မှ အလိုအလျောက် ထုတ်ပေးနိုင်ခြင်း၊ အမျိုးမျိူးသော Accounting report များနှင့် လူကြီးမင်းတို့ Health Care Center မှ ငွေကြေးပိုင်းဆိုင်ရာများအား စနစ်တကျ အချိန်နှင့် တပြေးညီ စီမံပေးနိုင်ခြင်းတို့အပြင် အမျိုးမျိူးသော Currencies များဖြင့်လည်း ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Manage Staff ( ဝန်ထမ်းများအား စီမံပေးနိုင်ခြင်း)
နောက်ဆုံး Feature အနေဖြင့် လူကြီးမင်းတို့ ဆေးရုံ၊ ဆေးခန်းများမှ ဝန်ထမ်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲခန်း ပညာရှင်များအား System တွင် Register ပြုလုပ်စေပြီးနောက် HR Department နှင့် Payroll Plan များအား စီမံထားစေနိုင်ခြင်း၊ သက်ဆိုင်ရာ Degrees များ၊ Specialists များဖြင့် စီမံထားနိုင်ခြင်း၊ အပတ်စဉ် လူနာများနှင့် ရက်ချိန်း အစီအစဉ်များအား အချိန်နှင့် တပြေးညီ စီမံပေးနိုင်ခြင်း၊ In-patinets များ၊ Out-patients များ လက်ခံထားမှုများ အပေါ်မူတည်ပြီး Schedule Calendars များ စီစဉ်ပေးနိုင်ခြင်းများ အပြင် ကုသမှု အနေအထား အပေါ် မူတည်ပြီး ဝန်ထမ်း အနေအထားများအား စီမံပေးထားနိုင်ခြင်းတို့ကို Odoo System မှ အလိုအလျောက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
အထက်ပါ ပြောပြသွားခဲ့တဲ့ အချက်အလက်များစွာနှင့်အတူ လူကြီးမင်းတို့ရဲ့ ဆေးရုံများ၊ ဆေးခန်းများကို အလိုအလျောက် ဝန်ဆောင်မှုပေါင်း များစွာဖြင့် အဆင်ပြေလွယ်ကူစေချင်ပြီး ခေတ်မှီ တိုးတက်သော လုပ်ငန်းကြီးအသွင် ကူးပြောင်းမည် ဆိုပါက ကျွန်မတို့ရဲ့ BEE Data Myanmar Software Solution မှ ဝန်ဆောင်မှုများ ပေးနေပြီ ဖြစ်ပါကြောင်း ပြောလိုက်ပါရစေရှင်။