Edit Content
Bee Data Odoo ERP Company logo

About Us

Founded in 2016, BEE Data Myanmar is a provider of IT consulting and software development services.

We specialize in Odoo ERP implementation services, business applications across ERP, e-Commerce, Web & Mobile solutions to implement specially tailored platforms for our clients.

Contact Info

 Odoo Invoicing

မင်္ဂလာပါရှင်။ လူကြီးမင်းတို့ရဲ့ လုပ်ငန်းများစွာမှ Customers များဆီမှ အလိုအလျောက် ငွေရရှိမှု နှင့် ငွေပေးချေမှု အစရှိသော Invoice များ ပေးပို့ရာတွင် အသုံးပြုနိုင်တဲ့ Odoo Invoicing Methods များ အကြောင်း မိတ်ဆက်ပါရစေ။ Odoo Invoicing Methods များစွာ ရှိသော်လည်း Methods တခုစီမှာ အားသာချက် ကိုယ်စီ ရှိနေတာ ဖြစ်တဲ့အတွက် လူကြီးမင်းတို့ရဲ့ လုပ်ငန်း လိုအပ်ချက် အချက်အလက်များအပေါ် မူတည်၍ စိတ်ကြိုက် ပြင်ဆင် အသုံးပြုနိုင်ပါတယ်။ 

Odoo ရဲ့ Invoicing Methods များကတော့

1) Fixed price Invoicing Method 

ဒီ Methods ကတော့ လုပ်ငန်းများစွာအတွက် ပေါ်ပြူလာ ဖြစ်တဲ့ Odoo Invoicing Methods ဖြစ်ပါတယ်။ လူကြီးမင်းတို့ လုပ်ငန်းများနဲ့ သက်ဆိုင်သော ဝန်ဆောင်မှု၊ သို့မဟုတ် ထုတ်ကုန်များကို Fixed price တခု သတ်မှတ်ပြီး တနာရီ အသုံးပြုပါက ဝန်ဆောင်ခ မည်မျှ ၊ ပစ္စည်းတခုလျှင် ဈေးနှုန်း မည်မျှ ဟူ၍ သတ်မှတ်နိုင်ပြီး အခွန်ပါပြီး မပါြပီး အစရှိသဖြင့် စီစဉ်နိုင်သောကြောင့် Customers များ ဆီမှ အချိန်မှန် Payments ရစေသော Method ဖြစ်တာကြောင့် လူကြီးမင်းတို့ လုပ်ငန်းများအတွက် အကူအညီ များစွာရစေသော Method လေး ဖြစ်ပါတယ်။ Fixed price Invoicing Mehod ကို လက်တွေ့ အသုံးချနေသော Business များကတော့ –  E-commerce Business မှာ Online မှ အဝတ်အထည် ရောင်းချနေသော စတိုးဆိုင်ကြီးတွင် တီရှပ်၊ ဟူဒီ၊ အမျိုးသားဝတ် ၊ အမျိုးသမီးဝတ် ၊ ကလေးဝတ် အစရှိသဖြင့် အမျိုးအမည် များစွာ ရှိနေမည်။၎င်း စတိုးဆိုင်မှ ပစ္စည်းတခု ရောင်းရတိုင်း Odoo Fixed price Invoicing Mehod မှ Invoices များ အလိုအလျောက် ထုတ်ပေးနေမည် ဖြစ်ပါတယ်။ဥပမာ- အမျိုးသားဝတ် တီရှပ်တထည်တန်ဖိုးဟာ ကျပ်ငွေ ၂၅၀၀၀၀ သတ်မှတ်ထားပြီး စတိုးဆိုင်သည် Odoo မှ “Invoice on Fixed Price” feature အား ရွေးချယ်အသုံးပြုပြီး အရောင်းစာရင်းအတွက် ဝယ်ယူသွားတဲ့ ပစ္စည်းအရေအတွက်အတိုင်း အလိုအလျောက် Invoice များကို ထုတ်ပေးနေတဲ့ အတွက်ကြောင့် အဆင်ပြေ လွယ်ကူစေတဲ့ Odoo Fixed price Invoicing Mehod လေးဖြစ်ပါတယ်။

2) Invoicing based on Timesheets Method

ဒီ Method ကတော့ ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္မဏီများနဲ့ နာရီ အလိုက် Charge fee ကောက်ခံရသော လုပ်ငန်းအများစု အတွက် အတော်လေး အသုံးဝင်တဲ့ Method ဖြစ်ပါတယ်။ Odoo ရဲ့ Timesheets Feature ကို အသုံးပြုပြီး project တခုမှာ အလုပ်လုပ်နေသော Employees များရဲ့ လုပ်ဆောင်မှု အချိန်အလိုက် ငွေရရှိမှု၊ ငွေပေးချေမှု တို့ကို Timesheets အလိုက် အတိအကျ Invoice ပေးနိုင်တဲ့ Method ဖြစ်ပါတယ်။ Invoicing based on Timesheets Method ကို လက်တွေ့ အသုံးချနေသော Business များကတော့ –  Consulting Firms လိုမျိုးနဲ့ Law Firms လို Firms တွေမှာ အသုံးချနေကြပါတယ်။ ဥပမာ –  Consulting Firms မှာ ဆိုရင် Client တယောက်ဟာ Consultant တယောက်နဲ့  Marketing Strategy Project တခုအတွက် Planning ပိုင်း ၊ Reaearching ပိုင်း ၊  Meetings ပိုင်းတွေအတွက် Consultant ဆီမှ ရယူသော Plans များအလိုက် နှင့် အတူ ကုန်ဆုံးသွားသော အချိန်အလိုက် အတိအကျ Invoice ကို Odoo Invoicing based on Timesheets Method မှ ထုတ်ပေးတာမျိုး ဖြစ်ပါတယ်။ Law Firms မှာလည်း Clinets တယောက်ဟာ Lawers များနှင့် တိုင်ပင်စရာ ရှိလာသောအခါ ၎င်း Lawer နှင့် တိုင်ပင်စီစဉ် ထားသော စာရွက်စာတမ်းပြင်ဆင်မှုမှအစ တရားရုံး ရောက်သည့်အချိန်ထိ အသုံးပြုထားသော အချိန်အလိုက် အတိအကျ Invoice ထုတ်ပေးခြင်းမျိုး ဖြစ်ပါတယ်။

3) Invoicing based on Milestones Method

ဒီ Method ကတော့ Project တခုရဲ့ ရည်ရွယ်ရာ တခု ပြီးမြောက်ချိန် ရောက်မှသာ Invoice ထုတ်ပေးခြင်းမျိုး ဖြစ်ပါတယ်။ Long-term projects များနဲ့ multiple stages တွေ ပေးတဲ့ Services ပိုင်းတွေမှာ အသုံးပြုကြပါတယ်။ အသုံးပြုသူများဟာ Milestones ကို သတ်မှတ်ထားနိုင်သလို Progress တခုစီအတွက် Deadline များလည်း သတ်မှတ်ထားနိုင်ပါတယ်။ ဒီ Method ရဲ့ အားသာချက်ကတော့ လူကြီးမင်းတို့ရဲ့ လုပ်ငန်းများကို ပုံစံတကျ သတ်သတ်မှတ်မှတ် ဖြင့် ငွေကြေးရှင်းလင်းမှု ရှိစေပြီး မိမိ လုပ်ငန်းရဲ့ Clinets များကိုလည်း Projects များရဲ့ တိုးတက်မှု ဖြစ်စဉ်ကို သိမြင်စေပါတယ်။ ဥပမာ – Software Industry တခုတွင် Odoo ရဲ့ based on Milestones Method ကို အသုံးပြုထားသောကြောင့် Software Company တခုဟာ ၎င်းတို့ ရဲ့ milestones အတိုင်း New Module တခု အောင်မြင်စွာဖြင့် Developed ဖြစ်ပြီး Tested ပိုင်းပြီး ပါက Client ဆီမှ ငွေတောင်းခံမှု ပြုလုပ်နိုင်ပါတယ်။ အခြား Marketing ပိုင်းတွင်လည်း Campaigns (the completion of research, planning, creative work, media buying, and reporting.) များစွာ ရှိသည့်အနက် Stage တခုပြီးမြောက်အောင်မြင်တိုင်း Clients များဆီမှ ငွေတောင်းခံမှု ပြုလုပ်နိုင်ပါတယ်။

4) Invoicing based on Delivered Quantity 

လူကြီးမင်းတို့ရဲ့ လုပ်ငန်းများမှာ မိမိသတ်မှတ်ထားသော စံနှုန်းကျော်လွန်၍ Manually ပို့ရသော delivery products များ၊ Services များ ရှိနေပါက Odoo ရဲ့ Invoicing based on Delivered Quantity Method ဟာ သေချာပေါက် အသုံးဝင်စေတဲ့ Method ဖြစ်ပါတယ်။ ဒီ Method မှာ ပါတဲ့ Feature ကတော့ အစကနဦး Order တင်ထားသည်ထက် လက်တွေ့ Delivery ပို့ရာတွင် ပို့ပြီး ပစ္စည်းအရေအတွက် အတိုင်း Clients များဘက်သို့ Invoice ပေးနိုင်သော Method တခု ဖြစ်ပါတယ်။ ဥပမာ – Customer တယောက်ဟာ တိကျသော အချက်အလက် များနှင့်  Order တခု တင်လာခဲ့မည် ဆိုပါက Seller ဟာ ဒီ Feature ကို အသုံးပြုပြီး ပို့ပြီး သော ပစ္စည်းအရေအတွက် ကိုရော Order ထပ်တင်သော ပစ္စည်းအရေအတွက်ကိုပါ Customer ဆီကို Invoice ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်တခုကတော့ Partial Deliveries ပိုင်း မှာ ဒီ Feature ကို အသုံးပြုနိုင်ပါတယ်။ ဒီနေ့ ပို့ပြီးသား Order များအား ဒီနေ့ Date ဖြင့် Invoice ထုတ်ပေးနိုင်မှာ ဖြစ်သလို ကျန်ရှိနေသော နောက်ထပ် Order များကိုလည်း နောက်ရက် Date ဖြင့် ပို့ရမည့် ပစ္စည်း အရေအတွက် အတိုင်း Invoice ထုတ်ပေးနိုင်သော Method ဖြစ်ပါတယ်။

5) Invoicing based on Subscriptions Method

ဒီ Feature ကတော့ Software licenses လို Website Hosting လိုမျိူး ဒါမှမဟုတ် Gym memberships လို Regular Services ပေးသော Business များအတွက် အထူးသင့်တော် ပါတယ်။ Business ဘက်မှ ဒီ Method ကို အသုံးပြုပြီး Clients များဆီကို အချိန်မှန်မှန် Invoice များ ထုတ်ပေးနေခြင်း၊ အဆင်ပြေ စေသော Bill ဆောင်ခြင်း အမျိုးမျိုးနှင့် automatic payment reminders များ ထားရှိနိုင်ခြင်းတို့ကြောင့် Subscription Management များအတွက် အသင့်တော်ဆုံး နည်းလမ်း ဖြစ်စေပါတယ်။ ဥပမာ – Telecom Company များတွင် Clients များဆီမှ Telecom services များအတွက် လစဉ် အချိန်မှန် ငွေရရှိမှု ၊ ငွေပေးချေမှု တို့ကို အလိုအလျောက် Invoices များကို ထုတ်ပေးနေသောကြောင့် အဆင်ပြေ လွယ်ကူစေပါတယ်။

Odoo Invoicing Method များမှာ အားသာချက် ကိုယ်စီ ရှိနေသောကြောင့် လူကြီးမင်းတို့ စီးပွားရေးလုပ်ငန်းများရဲ့ အနေအထား လုပ်ဆောင်ချက်များအရ ရွေးချယ် အသုံးပြုနိုင်ပါကြောင်း နှင့်အတူ ကျွန်မတို့ BEE Data Myanmar မှလည်း ကူညီဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်း သတင်းကောင်း ပါးပါရစေရှင်။