
မင်္ဂလာပါရှင်။
AI (Artifical Intelligence) ခေတ်မှာ စီးပွားရေး လုပ်ငန်း အတော်များများဟာ Online AI တခေတ် ဖြစ်နေပါပြီ။ Odoo AI စနစ်သုံး ငွေတောင်းခံလွှာ အလိုအလျောက်စနစ် ဟာ လူကြီးမင်းတို့ လုပ်ငန်းများအတွက် ဘယ်လိုမျိုး ကောင်းကျိုးများစွာ ရရှိစေသလဲ ဆိုတာ ကြည့်လိုက်ကြရအောင်ပါရှင်။
Odoo မှာဆိုရင် AI ရဲ့ စွမ်းအားကိုအသုံးပြုပြီး Supplier ရဲ့ Bill များကို system က Data များ update လုပ်သော အခါတိုင်းမှာ Invoices များကို အလိုအလျောက် ဖြစ်ပေါ်လာတာမျိုးပါ။
လူကြီးမင်းတို့၏ Supplier များရဲ့Business Invoices ရာဂဏန်းပေါင်းများစွာကို တကြိမ် Scan ဖတ်ရုံဖြင့် နောက်တကြိမ် ထပ်ဖတ်စရာ မလိုဘဲ Documents များအား Tailored template အလိုက် စီမံဆောင်ရွက်စေသော System တခု ဖြစ်ပါတယ်။ များစွာသော bills တွေ Documents တွေကို Scan တစ်ကြိမ်ဖတ်လိုက်တာနဲ့ Odoo AI system မှ OCR Optical Character Recognition စနစ်ဖြင့် သက်ဆိုင်ရာ vendor bills များ Documents များအား မှတ်မိစေပြီး Data များအား သိရှိမှတ်တမ်းယူထားတာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းမှာ အပတ်စဉ် လစဉ် နှစ်စဉ် စသဖြင့် လူကြီးမင်းတို့အနေနဲ့ Supplies များဆီကရရှိသော invoice PDF files ကို upload တင်လိုက်ရုံနဲ့ ရောင်းချသူ Supplies များမှ ထုတ်ပေးသော နောင်လာမည့် Invoices များကို manuals bill data entry ထည့်စရာမလိုပဲ human errors ကင်းပြီးပြည့်စုံစွာ Auto စီမံဆောင်ရွက်ပေးသည့် Odoo AI Invoice System ဖြစ်ပါတယ်။ ဒီ Invoice System ဟာ လူကြီးမင်းတို့ လုပ်ငန်းများအား Paperless company ထိ ဖြစ်လာစေရန် အထိ အကူအညီ ရရှိစေမှာ ဖြစ်ပါတယ်။ Data processing များရဲ့ လုပ်ဆောင်ချက်ပိုင်း မြန်ရုံတင်မက Documents Collection များအထိပါ တစုတစည်း လုပ်ပေးသွားတာ ဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ လုပ်ငန်းများအား Time Effective အပြင် Cost Efficient ဖြစ်စေဖို့ Odoo AI Invoice System တခုအား အသုံးပြုရန် လိုအပ်ခဲ့ပါလျှင် ကျွန်မတို့ BEE Data Myanmar မှ ကူညီဆောင်ရွက်ပေးရန် အသင့်ရှိနေတဲ့ အတွက် အခုဘဲ ဆက်သွယ်လို့ ရပါပြီရှင်။