
Odoo point of sale နဲ့ လူကြီးမင်းတို့ဆိုင်များရဲ့ လုပ်ငန်းများကို အလွယ်တကူ စီမံဆောင်ရွက်နိုင်ပါပြီ။ Odoo Point of sale ရဲ့ Features အကြောင်းအရာများထဲကမှ Receipts and Invoices အကြောင်းယခုအပတ်မှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
မင်္ဂလာပါရှင်။
Odoo Point of Sale’s Receipts and Invoices ဆိုတာ မိနစ်ပိုင်းအတွင်း Set-up လုပ်နိုင်ပြီး စက္ကန့်ပိုင်းအတွင်း လူကြီးမင်းတို့ရဲ့ Business Process များကို web browser တစ်ခုကနေ app ရဲ့ လုပ်ငန်းစဉ်များကို မိမိတို့ရဲ့ laptop ၊desktop ၊mobile ၊tablet စသည့် မည်သည့် Device မှမဆို ရောင်းနိုင် ဝယ်နိုင်ပြီး Clients များဆီမှ ငွေရရှိမှု ၊ ငွေပေးချေမှု တို့ကို လွယ်ကူမြန်ဆန်စေတဲ့ Odoo POS ရဲ့ Receipts and Invoices System ဖြစ်ပါတယ်။
Receipts
Recipts ပိုင်း အနေဖြင့် လူကြီးမင်းတို့ရဲ့ Business process များအလိုက် Receipt document ပေါ်တွင် Printed လုပ်မည့် Information များအား လူကြီးမင်းတို့ စိတ်ကြိုက် activate ပြုလုပ်နိုင်ခြင်း၊ Payment Receipts ပုံစံများကိုလည်း တကြိမ်တခါသာ Registered လုပ်ထားခြင်းဖြင့် အလိုအလျောက် လက်ခံဘောင်ချာ Recipts များကို ထုတ်ပေးခြင်း။
Reprint a receipt
Reprint a receipt နောက်ထပ် လက်ခံဘောင်ချာတစ်စောင်ကိုပါတွဲဘက် ထုတ်ပေးနိုင်တာမို့ ဆိုင်အနေနဲ့ လက်ခံဘောင်ချာ သိမ်းထားနိုင်မှာလည်းဖြစ်ပါတယ်။ Odoo POS Interface မှာ Client များ အတွက် Receipt Bill များ ကြိုထုတ်ထား၍ ရခြင်း ၊ လိုအပ်ရင် လိုအပ်သလို ထပ်မံ ထုတ်ယူနိုင်ခြင်း တို့ စတဲ့ Features များ ရရှိနိုင်ပါတယ်။


Invoices
Invoices ပိုင်းတွင်လည်း Clients များရဲ့ Payment Method များ အပေါ် မူတည်၍ Invoices များ Printed လုပ်နိုင်သလို လွန်ခဲ့သော ကာလများဆီမှ Invoices များကိုလည်း Retrieve ပြန်ထုတ်၍ စစ်ဆေး ကြည့်ရှူနိုင်မှာဖြစ်ပါတယ်
Set a Customer
Clients များကို အကန့်အသတ်မရှိ သတ်မှတ် သိမ်းဆည်းလို့ရနိုင်ပြီး PoS ၏ Session အလိုက် အသုံးပြုနိုင်ပါတယ်။ အရင်ရှိပြီး Clients များအား ၎င်းClients အမည်အား တချက် Click လိုက်ခြင်းအားဖြင့် အလွယ်တကူ အသုံးပြုနိုင်သလို အသစ် New Clients များကို Create အလွယ်တကူ လုပ်ရလွယ်တာလည်း ဖြစ်ပါတယ်

Invoice a Customer
Clients များရဲ့ လိပ်စာ ဖုန်းနံပါတ် စတဲ့ Information အချက်လက်များကိုလည်း လိုအပ်သလို Edit လုပ်နိုင်ခြင်း တို့အပြင် Client ရဲ့ Sale Order များကိုလည်း Payment Method အပေါ် မူတည်၍ Client Name ဖြင့် Invoices များ ထုတ်ပေးနိုင်ခြင်းတို့အပြင် ၎င်း client ရဲ့ sale orders records များကိုလည်းမှတ်တမ်းတင်သိမ်းထားပေးပါတယ်။
Retrieve a Customer
POS ရဲ့ Dashboard မျက်နှာပြင်မှ အရောင်းအားလုံးရဲ့ invoices ပြန်လည် ထုတ်ယူနိုင်မှာလဲဖြစ်ပါတယ်။ အရောင်း order များကို session အလိုက်ဖြစ်စေ အရောင်းသမားများအလိုက်ဖြစ်စေ ဆိုင်အလိုက်ဖြစ်စေ အရောင်းရဲ့ ရက် လ နှစ် date အလိုက်ဖြစ်စေ ပြန်လည် စစ်ဆေးနိုင်တာလဲ လုပ်နိုင်ပါတယ်။

QR codes to generate invoices
invoice receipt များပေါ်မှ QR code ကို scanning ဖတ်လိုက်ခြင်းဖြင့် Customer များဟာ invoice ကို request လုပ်နိုင်မှာလည်းဖြစ်ပါတယ်။ တစ်ဘက်မှလည်း invoice ကို download ရယူနိုင်ခြင်း စသဖြင့်QR Codes များဖြင့်လည်း Invoices များ ထုတ်ယူနိုင်ခြင်း တို့ စတဲ့ Features များစွာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ Business များ ဆိုင်များအတွက် Odoo POSကို အသုံးပြုရန် စိတ်ဝင်စားပါက ကျွန်မတို့ BEE Data Myanmar မှ လက်ကမ်း၍ ကြိုဆိုနေပါကြောင်း သတင်းကောင်း ပါးလိုက်ပါရစေရှင်။