
မင်္ဂလာပါရှင်။
သာယာသော နေ့ကလေးဖြစ်ပါစေလို့ BEE Data Myanmar မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်နော်။
ဒီနေ့ မှာတော့ အလျင်အမြန် ပြောင်းလဲလာတဲ့ Digital ပညာရေးစနစ် အကြောင်းလေး နဲ့ အတူ ပြောပါရစေရှင်။ယနေ့ ပညာရေးစနစ်မှာ နည်းပညာတိုးတက်မှု၏ အရေးပါခြင်းသည်လည်း အခန်းတရပ်အနေဖြင့် ပါဝင်လာတယ်ဆိုတာ အသိပါနော်။ခေတ်စနစ်များပြောင်းလဲလာသည်နှင့်အမျှ ပညာရေးဆိုင်ရာအဖွဲ့အစည်းများသည် Digital ပုံစံပြောင်းလဲလာပြီး သင်ကြားရေးနှင့်သင်ယူမှုပုံစံများလည်း ပြောင်းလဲလာပါတယ်။ အထက်တန်းကျောင်းများ အနေဖြင့်လည်း စီမံခန့်ခွဲမှု software ကို အသုံးပြုသည့် ကျောင်းများ ပိုများလာသလို၊ နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်စေရန် အပြန်အလှန် အကျိုးပြုသော သင်ယူမှုပုံစံကိုပါ ပံ့ပိုးပေးရန်အတွက်မှာ ဆရာများအတွက် မရှိမဖြစ် လိုအပ်လာပါတယ်။Online သင်ယူမှုကို ပံ့ပိုးရန်အတွက် ကျောင်းများစွာသည် KG+12 သင်ရိုးညွှန်းတမ်းများတွင် အထူး ပြင်ဆင်ထားသော Digital အကြောင်းအရာများ ထည့်သွင်းလာကြပြီး ပုံနှိပ်စာအုပ်ဟောင်းများကို Digital သင်ကြားရေး ပုံစံများနှင့် တဖြည်းဖြည်းအစားထိုးနေပါပြီ။
Online သင်တန်း/သင်ကြားရေးအတန်းများသည် ပညာရေး၏အနာဂတ်ဖြစ်သည်။မိရိုးဖလာပညာရေး၏ အယူအဆသည် သိသိသာသာ ပြောင်းလဲသွားသည်။ စာသင်ခန်းထဲမှာ အမှန်တကယ်ရှိနေရုံနဲ့ အခုသင်ကြားရေးရွေးချယ်ခွင့် တစ်ခုတည်းမဟုတ်ပါဘူး။ ယနေ့ခေတ်တွင် Internet နှင့် နည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတိုင်းသည် Smart Devices သို့မဟုတ် Computer ရှိသရွေ့ လိုအပ်သည့် နေရာတိုင်းတွင် အရည်အသွေးပြည့်မီသော ပညာရေးစနစ်တစ်ခုကို ရရှိနိုင်မည်ဖြစ်ပါတယ်။ဤသည်မှာ ပညာရေးခေတ်သစ်ဖြစ်ပြီး 2023 တွင် ကျောင်းသားလူငယ်များနှင့် ဆရာ၊ဆရာမများကို ပညာရေးအတွက် ဆန်းသစ်သောချဉ်းကပ်နည်းကို သင်ကြားပေးနေကြပါပြီရှင်။ကျောင်းသားများသည် ယနေ့ခေတ်စာသင်ခန်းများတွင် နည်းပညာစနစ်သစ်များ ပေါင်းစပ်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
ပညာရေးကဏ္ဍမှာလည်း ကြီးမားသောပြောင်းလဲမှုများနှင့်အတူ ယခုအခါ စီးပွားရေးသည် လက်ရှိဖွဲ့စည်းပုံမှ ပြောင်းလဲလာသော ကျောင်းသားများ၏ ကျွမ်းကျင်မှုအပေါ် မူတည်လျက်ရှိပါတယ်။စီးပွားရေးလုပ်ငန်းများနှင့် အဆင့်မြင့်ပညာရေးတို့ကြား ဆက်နွှယ်မှုကလည်း နည်းပညာနှင့် သွယ်ဝိုက်သောအားဖြင့် ဆက်စပ်နေတာကြောင့် နည်းပညာကို ပေါင်းစပ်ပြီး ကျောင်းသားလူငယ်များ ပိုမိုလက်လှမ်းမီစေရန်အတွက် နည်းပညာကျွမ်းကျင်သော ဆရာများ မွေးထုတ်ခြင်းနှင့်အတူ နည်းပညာနှင့် သင်ယူမှုတို့ကို အတူ လက်တွဲလုပ်ဆောင်ရန် အချိန်ကောင်းလည်းဖြစ်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ပညာရေးဆိုင်ရာ Educational Institution Software များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်စရာ ရှိလာကြရင် Education system များကို BEE Data Myanmar ကနေ အကောင်းဆုံး ကူညီပေးဖို့ အသင့် ဖြစ်နေကြောင်း အသိပေးပါရစေရှင်။